သူငယ်ချင်းအပေါင်း မင်္ဂလာပါ။ ကျွန်မရဲ့ Blog လေးမှ အားလုံးကို ကြိုဆိုပါတယ်။

Thursday, March 26, 2009

ကြက်ဥပူတင်း

ကဲ အိမ်မှာနေရင်း Home Made ပူတင်းလေးလုပ်စားရအောင်

လိုအပ်သောပစ္စည်းစာရင်း . . . .
၁-ပေါင်မုန့် 
၂-ကြက်ဥ
၃-နွားနို့ 
၎-သကြား
၅-ဆားအနည်းငယ်
၆-နို့ ဆီအနည်းငယ်
၇- နို့ မှုန့် ရှိလျှင် အနည်းငယ်


ပြုလုပ်ပုံ အဆင့်ဆင့်
၁- ပေါင်မုန့် ၃ချပ်ကို ဘေးအနားသားတွေဖယ်ထားပါ။
၂- စတီးပန်းကန်တစ်ခုထဲတွင် ပေါင်မုန့်  တွေကို ရေနွေးအနည်းငယ်နဲ့  သမအောင်ချေထားပါ။
၃- သကြားစတီး ၃ ဇွန်း နှင့်နို့ ဆီ ၁ဇွန်း ပါပေါင်မုန့် ထဲတွင် ထည့်မွှေပါ။
၎- ကြက်ဥ ၃ လုံးကို သမအောင်မွှေထားပါ ။ အချိုကြိုက်လျှင် သကြား ၁ ဇွန်းထဲ့မွှေပါ။
၅- ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း ထည့်ပါ။
၆- နွားနို့  ထည့်ပါ။ ပြီးလျှင် အားလုံး သမအောင်မွှေပါ။
၇- အောက်ပါပုံအတိုင်း မီးဖိုပေါ်တွင် တယ်ထားပါ။ အိုးထဲတွင်ရေကို ပန်းကန်ရဲ့  ၃ပုံ ၂ ပုံမြှပ်အောင်ထဲ့ပြီးတည်ပါ။
၈- မိနစ် ၃၀ (သို့ ) ၁နာရီလောက်ထိ တယ်ထားနိုင်ပါသည်။ အရည်တွေမရှိတော့ပဲ ပူတင်းပုံပေါ်လာရင်ရပါပြီ ။



မှတ်ချက် ။ ။ ကိုယ်တိုင်စမ်းလုပ်ပြီး မှ သူငယ်ချင်းတို့ ကိုမျှဝေလိုက်ခြင်းဖြစ်ပါသည်။ ကြိုက်မယ်လို့ တော့ ထင်ပါတယ် ။ လုပ်ပုံလုပ်နည်းကတော့တစ်ဟောက်နဲ့ တစ်ယောက် တူမှာမဟုတ်ပါဘူး ။ အမှားများပါရင် သီးခံကြပါလို့ မေတ္တာရပ်ခံပါတယ် . . . .

Wednesday, March 25, 2009

မှတ်ဖွယ်ဆောင်ပုဒ်လေးများ

The Best I like . . . . .

ကျေးဇူးပြုပါလျက်နှင့်
ကျေးဇူးမခံစားရလျှင်
ကျေးဇူးရှင် ၏ အပြစ်မဟုတ်
နေမင်းသည် အလင်းကိုပေးပါလျက်
မျက်စေ့မမြင်သူ အတွက်
အလင်းမရခြင်းမှာ
နေမင်း ၏ အပြစ်မဟုတ်။---။
_____________________________


လူအချင်းချင်းတစ်ယောက်ကို တစ်ယောက် ပေးနိုင်တဲ့
အကောင်းဆုံးလက်ဆောင်က
" စစ်မှန်တဲ့ဂရုစိုက်မှုတွေ " ဖြစ်တယ်။

_______________________________


ငါသည် . . .
'သူတစ်ပါး အကျိုးကို လိုလားသူ ဖြစ်ရလို၏။
သူတစ်ပါးကလည်း ငါ့အကျိုးကို လိုလားသူဖြစ်ပါစေ။
ငါသည် . . . သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ရလို၏။
သူတစ်ပါးကလည်း ငါ ၏ ဒုက္ခကို နှစ်သက်သူ မဖြစ်ပါစေနှင့်။
ငါသည် . . .တစ်ပါးသော သတ္တ၀ါကို မညှဉ်းဆဲရလို။
သူတစ်ပါးကလည်း ငါ့ကို မညှဉ်းဆဲပါစေနှင့်။
လူအပေါင်းသည် လမ်းဆိုး လမ်းကောက်ကို ရှောင်ရှား၍
လမ်းကောင်း လမ်းဖြောင့်ကို လိုက်နိုင်ကြပါစေ။
ငါသည်လည်း . လမ်းဆိုး လမ်းကောက်ကို ဖယ်ကြဉ်၍
လမ်းကောင်း လမ်းဖြောင့်သို့ လိုက်နိုင်သည့်ကိုယ် ဖြစ်ရလို၏'။



some of reference from : ma nine nine & one of my friend

Amazonia Game

Amazonia game ကအဆင့်တွေတဆင့်ပြီးတဆင့် တက်သွားအောင် ကစားတဲ့ Game လေးဖြစ်ပါတယ် ။ ဒီ Game လေးကို ဘယ်လောက်ထိ အားပေးကြ လည်းဆိုရင် ကျွန်မအမေကိုယ်တိုင်အားပေးတဲ့ Game လေးဖြစ်ပါတယ်။ ကျွန်မဆိုရင် ညနက်သန်းခေါင်ထိအောင် မရပ်မနားကစားခဲ့မိတဲ့ ဂိမ်းလေး ဖြစ်ပါတယ်။ သူငယ်ချင်းတို့ လည်း ကစားနိုင်အောင် မျှဝေလိုက်တာပါ။ အိမ်မှာကစားနိုင်အောင် Download လုပ်ရအောင်......

::::.... D o w n l o a d ....::::

အကယ်၍များဒီ ဂိမ်း Install လုပ်ရာမှာ အခက်အခဲတွေ့ ခဲ့ရင် comment မှာရေးပြီး Message ပေးခဲ့ပါ။ တတ်သလောက် မှတ်သလောက် ပြန်လည်၍ ရွှီးပေးပါမည် :-P . . . . .

ဟာသလေးများ . . . .

တစ်ခါက စာမေးပွဲတစ်ခုမှာ ဘာသာပြန်စာကြောင်းတွေကို မေးခဲ့တယ်။

၁) I put on my coat and found its first button was gone.
၂) He heard the phone ring and went to get the call.

ဒါကို မြန်မာလို ဘာသာပြန်ရမယ်ဆိုပါစို့...

၁) အနွေးထည်ကို ဝတ်လိုက်တာနဲ့ အင်္ကျီပေါ်က ပထမကြယ်သီး ပြုတ်နေတာကို ကျွန်တော် သတိထားလိုက်မိတယ်။

၂) ဖုန်းသံကြားတာနဲ့ ဖုန်းကို သူကောက်ကိုင်လိုက်တယ်။

ဒါကို ကလေးငယ်တစ်ယောက် ဖြေလိုက်တာက...
၁) shit !
၂) Hello ~ ဟူတည်း။

Monday, March 23, 2009

အဆုံးအထိ ရယ်ပါ

ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး "အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း" လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ "သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!" အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက "ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်" ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက "အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ" လို့ မေးတော့ အဘိုးအိုက "တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ" လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက "ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်" လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ "ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ" ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး "တောက်... သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ" လို့ အော်ဆဲလိုက်တော့တယ်။

-----------------------------------------------------------------------------

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးမကြာဘူး ယောက်ျားဖြစ်သူက အိမ်မွေးကြောင်နဲ့ ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမကမြင်တော့ "နင်ဘာလို့ အဲဒီဝက်နဲ့ ကစားနေတာလဲ" လို့ ငေါက်လိုက်တယ်။

အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကိုလက်ညှိုးထိုးပြီး "ဒါဝက်မဟုတ်ဘူး.. ကြောင်ကွ.. ကြောင်" လို့ ပြန်အော်လိုက်တယ်။

အဲဒီအခါမှာ မိန်းမက ယောက်ျားကို "နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါ အဲဒီကြောင်ကို မေးနေတာ" လို့ ပြန်အော်လိုက်တယ်။

----------------------------------------------------------------------------------

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးနောက် ရှေ့နေဆီသွားပြီး ကွာရှင်းဖို့ ပြင်ကြတယ်။ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို တစ်ယောက်တစ်ဝက်ဆီ ခွဲဝေကြတော့ မိန်းမဖြစ်သူက မကျေမနပ်နဲ့ "ကျွန်မစုထားတဲ့ ကိုယ်ပိုင်ငွေ တစ်သောင်းကိုလည်း တစ်ဝက်ခွဲရမှာလား" လို့ မေးတယ်။ ရှေ့နေ ခေါင်းညိတ်ပြလိုက်တယ်။ မိန်းမကဆက်ပြီး "ဒါဆို ဒီကလေးသုံးယောက်ကို ဘယ်လိုခွဲမလဲ"လို့ မေးလိုက်တယ်။ ရှေ့နေခေါင်းကုတ်ပြီး စဉ်းစားတယ်။ အကြာကြီးစဉ်းစားလဲ သင့်တော်တဲ့အဖြေ မရခဲ့ဘူး။ နောက်ဆုံးမှာ ရှေ့နေက "ခင်ဗျားတို့ အိမ်ပြန်ပါ။ ကလေး၎ယောက်ရမှ ပြန်လာခဲ့ပါ။ အဲဒီအချိန်ကျမှ ကွာရှင်းဖို ကျွန်တော်ဆုံးဖြတ်ပေးမယ်" လို့ ပြောလိုက်တယ်။

နိုင်းနိုင်းစနေ စုစည်းတင်ပြသည်

မနိုင်းနိုင်း ဆီမှ နှစ်သက်သော ဟာသလေးများကို ပြန်လည် မျှဝေခြင်းဖြစ်ပါသည်