သူငယ်ချင်းအပေါင်း မင်္ဂလာပါ။ ကျွန်မရဲ့ Blog လေးမှ အားလုံးကို ကြိုဆိုပါတယ်။

Monday, October 12, 2009

ivy queen Dime



~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Friday, October 9, 2009

Lazy Boy

တစ်ခါတုန်းက ရွာတစ်ရွာမှာ မိဘမဲ့နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူကအရမ်းအပျင်းထူတဲ့အတွက် တစ်ရွာလုံးကသူ့ကို ငပျင်းဆိုတဲ့ နာမည်ကိုပဲခေါ်ကြတယ်။ မိဘကလည်းမရှိလေတော့ အရမ်းဆင်းရဲတာပေါ့။ သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကိုခိုင်းသတဲ့။ နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေးတစ်ကောင်ကိုလည်း သူ့ကိုလက်ဆောင်ပေးသေးတယ်။

ဒီလိုနဲ့ ငပျင်းဟာ ရွာပြင်ထွက်ပြီး ရွာထဲကနွားတွေကို ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့နွားတွေက ပိန်ခြောက်လာပြီး သူ့နွားပိန်လေးက ၀ဖီးလာတယ်။ ဒါနဲ့ ရွာသားတွေက မကျေနပ်လို့ လိုက်ခြောင်းကြတော့ ငပျင်းဟာ စားကျက်ထဲရောက်တာနဲ့ သူ့နွားကလွဲရင် ကျန်တဲ့နွားတွေကို သစ်ပင်ရိပ်မှာချည်ပြီး သူကအိပ်နေတယ်။ ညနေရောက်မှ နွားတွေနဲ့အတူ ရွာထဲပြန်လာတာပေါ့။ အဲဒီမှာ ရွာသားတွေက သူ့ကိုသတ်ပစ်ချင်ကြတာပေါ့။ သူကြီးက သက်ညှာသောအားဖြင့် သူ့နွားကိုရွာသားတွေက သတ်စားစေဆိုပြီး အမိန့်ချလိုက်တယ်။ ဒါနဲ့ ငပျင်းလည်း" နွားကိုသတ်စားရင်စားပါ ၊ နွားသားရေကိုတော့ သူ့ကိုပေးပါ" လို့တောင်းတယ်။ ရွာသားတွေကလည်း သားရေက အရေးမကြီးတော့ ပေးလိုက်တယ်။

ငပျင်းလည်း နွားသားရေကို ပုဆိုးစုတ်နဲ့ထုပ်ပိုးပြီး ရွာကနေ ထွက်လာလိုက်တယ်။ ခြေဦးတည့်ရာသွားလိုက်တာ တောအုပ်တစ်ခုထဲအဖြတ်မှာ မိုးကချုပ်သွားတယ်။ ဒါနဲ့ နီးစပ်ရာညောင်ပင်ကြီးတစ်ပင်ပေါ်မှာ တက်အိပ်လိုက်တယ်။ ညလည်းနက်ရော သူအိပ်နေတဲ့ ညောင်ပင်ကြီးအောက်မှာလူတစ်စု ရောက်နေတာ တွေ့လိုက်ရတယ်။ သူတို့အပြောအရ အဲဒီနယ်တစ်ဝှိုက်မှာ ကျက်စားနေတဲ့ ဓါးပြအုပ်စုဖြစ်နေတယ်။ ဝေစုခွဲရင်း အရက် ထိုင်သောက်နေကြသည်။ ငပျင်းလည်း ကြောက်လန့်ပြီး ခုအိပ်ထားတဲ့ နွားသားရေခြောက်က ဓါးပြတွေပေါ်ကို ပြုတ်ကျသွားတယ်။ ဓါးပြတွေလည်း ညောင်ပင်က သရဲခြောက်တယ်ထင်ပြီး ဘာမှမယူနိုင်ပဲပြေးပါလေရော။

ငပျင်းလည်း တော်တော်ကြာသွားတော့မှ ဓါးပြတွေရဲ့ စားကျန်တွေစား တိုက်ရာပါပစ္စည်းများထဲက တစ်ဝက်ကိုယူ ၊ တစ်ဝက်ကိုသူ့ရဲ့နွားသားရေခေါက်နဲ့အတူ မြေမြုပ်ထားခဲ့ပြီး ရွာကိုနောက်နှစ်ရက်လောက်နေတော့ ပြန်လာခဲ့တယ်။ ရွာသားတွေက သူ့ကိုမြင်တော့တော်တော် အံ့သြသွားတယ်။ ကိုယ်ပေါ်မှာ စိန်တွေ ၊ ရွေတွေနဲ့ သီးနေတာကိုး။ ဒါနဲ့ မနေနိုင်ပဲ မေးကြတာပေါ့။

ငပျင်းကလည်း -
ကျွန်တော့်နွားလေးကို သတ်စားလိုက်ကြတာ ကျေးဇူးတင်လိုက်တာဗျာ။ ဟိုး နေပြည်တော်ဖက်မှာ နွားသားရေတွေ အရမ်းဈေးကောင်းနေတာဗျ။ နွားသားရေတစ်ခုထဲမို့လို့ ဒီလောက်ပဲရခဲ့တာ။ တစ်ခြားရွာကလူတွေဆို ဒီအကြောင်းသိလို့ သွားရောင်းကြတာ တစ်ရွာလုံးသူဌေးဖြစ်နေပြီ။ ဒီရွာကလူတွေကညံ့ပါတယ်။

ဒါနဲ့ ရွာသားတွေလည်း သူ့စကားယုံပြီး နွားတွေသတ်ပြီး နေပြည်တော်ဖက်မှာ သွားရောင်းကြတာပေါ့။ ဟိုကလူတွေက သူတို့ကို အရူးတွေထင်ပြီး မောင်းထုတ်လိုက်ကြတယ်။ ရွာသားတွေလည်း စိတ်တိုပြီးပြန်လာကြတယ်။ ရွာရောက်တော့ ငပျင်းရဲ့အိမ်ကို မီးဝိုင်းရှို့လိုက်ကြတယ်။ ငပျင်းလည်း အိမ်ကို မီးရှို့ပြီးထွက်လာတဲ့ပြာကိုတော့ သူ့ကိုပေးပါလို့တောင်းတယ်။ ရွာသားတွေကလည်းပေးတယ်။ ငပျင်းက ပြာကို ပုဆိုးနဲ့ထုပ်ပိုးပြီးရွာကနေ ထွက်လာခဲ့တယ်။ အရင်တစ်ခါ ပစ္စည်းတွေမြေမြှုပ်ထားတာကို ပြန်ဖော်ပြီး သုံးရက်နေတော့ ရွာပြန်လာတယ်။ ဒီတစ်ခါလည်း ရွှေတွဲလွဲ ငွေတွဲလွဲဆိုတော့ရွာသားတွေကမေးပြန်ရော။

ငပျင်းလည်း - အရှေ့ဖက်ကို သုံ့းရက်ခရီးသွားရင် အဲဒီမှာ သာယာကုန်းဆိုတဲ့ရွာရှိတယ်ဗျ။ အဲဒီရွာက အိမ်ကိုမီးရှို့လို့ထွက်လာတဲ့ပြာနဲ့ ပြာဆေးဖော်ရောင်းတယ်။ သူတို့ရွာက သစ်တွေ ၀ါးတွေက ဆေးဖက်မ၀င်တော့ တခြားရွာက အိမ်မီးရှို့တဲ့ပြာကိုဝယ်ရတယ်လေ။ သူတို့ဆေးကစွမ်းတော့ ရောင်းကောင်းပြီး သူဌေးတွေဖြစ်နေပြီ။ တခြားရွာက သူတွေလည်း ပျာရောင်းပြီး ချမ်းသာနေပြီ။ ပြာထဲမှာမှ ကျုပ်ပြာက အကောင်းဆုံးဆိုပဲ။ ဒါကြောင့် ဈေးကောင်းပေးပြီးဝယ်တာလေ။ ဒါတောင် ပြာကနည်းနည်းပဲပါသွားလို့ပေါ့။ ဒါနဲ့ ရွာသားတွေလည်း အိမ်တွေကိုမီးရှို့ကြပြီး ပြာတွေကို လှည်းတွေပေါ်တင်ပြီး ပြာသွားရောင်းကြတယ်။ ထုံးစံအတိုင်း ဒေါသငယ်ထိပ်ရောက်ပြီး ပြန်လာရပြန်ရော။ ရွာသားတွေတိုင်ပင်ရတော့တာပေါ့။ ငပျင်းကြောင့် ခိုင်းနွားတွေလည်းဆုံး၊ အိမ်တွေလည်းဆုံးဆိုတော့ ဒီကောင့်ကို သေဒဏ်ပေးမှဖြစ်မယ် ဆိုပြီး ရွာဘေးချောင်းက ငါးထောင်တဲ့မြှုံးတိုင်မှာ ချည်ထားပြီး ရွာပြန်လာကြတယ်။ ဒီရေတက်လာရင် ရေစီးနဲ့အတူ မျောပါသွားအောင်ပေါ့။ ဒါနဲ့ ငပျင်းလည်း ဒီတစ်ခါတော့ သေပြီဆိုပြီး မှိုင်တွေနေတုန်း တစ်ခြားရွာက လူတစ်ယောက်က မျက်လုံးတစ်ဖက်လပ်နေတဲ့ ကျွဲထီးတစ်ကောင်ကို ဆွဲပြီးလျှောက်လာရင်း သူ့ကိုမြင်သွားတယ်။ အဲဒီလူက လှမ်းမေးတယ်။ ဟေ့လူ - ခင်ဗျားကို ဘယ်သူတွေကဒီလိုချည်ထားတာလဲ တဲ့။

ငပျင်းကလည်း - ကျုပ်ရွာသားတွေပေါ့ဗျာ။ ကျုပ်ကိုအတင်း သူကြီးလုပ်ခိုင်းတယ်လေ။ မလုပ်ချင်ဘူးဆိုတာနဲ့ ဒီမှာလာချည်ထားကြတာ။ အဲဒီလူကလည်း - နေရာချင်းသာလဲချင်တယ်ဗျာ။ သူကြီးဖြစ်ဖို့ဆိုတာ အိမ်မက်တောင် မမက်ဖူးဘူး။
ငပျင်းကလည်း - တကယ်လား ၊ ဒါဆိုလွယ်ပါတယ်။ နေရာချင်းလဲမယ်လေ။ ရွာသားတွေကို အဲဒါတော့ အကြောင်းကြားရမယ် ဆိုပြီး အဲဒီလူကို သူ့နေရာမှာချည်ခဲ့ပြီးသူကတော့ ကျွဲကိုလက်ကဆွဲ ရွာထဲကိုပြန်ဝင်သွားတယ်။ အဲဒီကျွဲပိုင်ရှင်လည်း ရေတက်ချိန်မှာ ရေစီးနဲ့မျောပါသွားရော။ ရွာသားတွေကလည်း ငပျင်းကို မသေတဲ့အပြင် ကျွဲတစ်ကောင်နဲ့တွေ့ရပြန်တော့ အံ့သြကြပြီး မေးတာပေါ့။

ငပျင်းကလည်း - အဲဒီချောင်းက ရေစီးသန်တယ်။ ခင်ဗျားတို့က တစ်ခါမှရွာပြင်မထွက်တော့ ဘယ်သိမှာလဲလေ။ ရေစီးနဲ့အတူ ကျွဲတွေမျောလာတာ။ချောင်းကကျယ်တော့ချောင်းလယ်ရောက်လေ ကျွဲကကြီးလေပဲ။ ကျုပ်ကိုရေနက်နက်မှာမချည်ခဲ့တော့ ဒီမျက်လုံးတစ်ဖက်လပ်နေတဲ့ကျွဲပဲရခဲ့တာပေါ့။ရွာသားတွေကလည်း ယုံပြီး သူ့ထက်ငါဦးအောင် ငါးထောင်တဲ့မြှုံးမှာ အချည်ခံကြတော့တာပေါ့။ ရွာလုံးကျွတ် ရွာသားတွေအကုန်ပဲ။ရေနက်လေကောင်းလေဆိုတော့ ငပျင်းက သူတို့ကို ချောင်းလည်မှာချည်ထားလိုက်တယ်။
မိန်းမတွေနဲ့ ကလေးတွေကတော့ ကမ်းပေါ်မှာစောင့်နေကြတယ်။ဒီရေလည်းတက်လာရော ရေစီးကြမ်းတဲ့ ချောင်းရေနဲ့ မျောပါသွားကြတယ်။အစအနတောင်မမြင်ရတော့ဘူး။

ငပျင်းလည်း - လင်တွေပြန်အလာကိုစောင့်နေတဲ့မိန်းမတွေဆီအော်ပြောလိုက်တယ်။

ကဲ ၊ ဦးနှောက်မရှိတဲ့သူတွေတော့ သွားကြပြီ။ နင်တို့တွေ ဒီနေ့ကစပြီးငါ့မယားဖြစ်သွားကြပြီ။ ငါ့ကိုလုပ်ကျွေးပြုစုကြပေတော့ ၊
လို့ဆိုလိုက်သတဲ့။

တစ်ခါအလိမ်ခံရလျှင် လိမ်သူအပြစ်
နှစ်ခါအလိမ်ခံရလျှင် အလိမ်ခံရသူအပြစ်


Share from Forward mail

Thursday, October 8, 2009

Way of Peace

ရိုးရိုးလေးပါ…

တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ၀ရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။

ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲ လိုတယ်။

အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က “ခင်ဗျားဆိုင်က အမြဲထိန်လင်းနေတာပဲ.. ဘာတံဆိပ် မီးချောင်းတွေများ သုံးသလဲ” လို့မေးတော့ သူဌေးက “ဒီမီးချောင်းတွေ ခဏခဏပျက်ပါတယ်။ တစ်လုံးပျက်ရင် တစ်ခုလှဲလိုက်လို့ ခုလိုလင်းနေတာပါ” ပြန်ဖြေခဲ့တယ်။ အမြဲတမ်း ကြည်လင်နေဖို့ဆိုတာ လွယ်ပါတယ်။ မကောင်းတဲ့ အတွေးအခေါ်ဟောင်းတွေကို လှဲပေးဖို့ပဲ လိုတယ်။

ကြက်ကလေးတစ်ကောင်ဟာ ဥက ပေါက်ပေါက်ချင်း အနားကဖြတ်သွားတဲ့ လိပ်တစ်ကောင်ကို တွေ့မိခဲ့တယ်။ အဲဒီနောက် ကြက်ကလေးဟာ ကြီးပြင်းလာတဲ့အထိ ကျောမှာ ဥခွံကိုပဲ ပိုးထားတော့တယ်။ ကြီးလေးတဲ့ အတ္တတွေကို ခွါချပစ်လိုက်ဖို့ရာ လွယ်ပါတယ်။ ခေါင်းမာတဲ့၊ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်တွေကို စွန့်ပစ်ဖို့ပဲလိုတယ်။

ရွှေရှာတဲ့အဖွဲ့တစ်ဖွဲ့ဟာ သဲကန္တာရတစ်ခုကို ခက်ခဲပင်ပန်းစွာ ဖြတ်ကျော်ကြရတယ်။ ဒါပေမယ့် အဖွဲ့ထဲက လူတစ်ယောက်က မပင်မပန်းဘဲ ပျော်ရွှင်နေတာကိုတွေ့တော့ လူတွေက သူ့ကို “ကျွန်တော်တို့ ပင်ပန်းလို့သေတော့မယ်။ ခင်ဗျားကြည့်ရတာ ပင်ပန်းပုံလဲ မရဘူး” လို့ မေးတော့ “ကျွန်တော်လွယ်ပိုးထားတဲ့ ပစ္စည်းတွေ နည်းလို့ပါ” လို့ သူက ပြန်ဖြေခဲ့တယ်။ ပျော်ရွှင်ဖို့ရာ လွယ်ပါတယ်။ လောဘနည်း၊ လိုချင်တပ်မက်မှုနည်းဖို့ပဲ လိုတယ်။

လူ့ဘ၀မှာလည်း နေပျော်ဖို့ရာ လွယ်ပါတယ်။ တန်ဖိုးထားတတ်၊ ကိုယ်ချင်းစာတတ်၊ ကရုဏာထားတတ်၊ ကူညီတတ်၊ ကျေးဇူးသိတတ်၊ တင်းတိမ်ရောင့်ရဲတတ်၊ ချစ်ခင်တတ်ဖို့ပဲ လိုတယ်။


Reference fr : Ko Daewer Hein (Forward mail)

Tuesday, August 25, 2009

ဘုရင်ကြီးနဲ့မိဖုရားလေးယောက်

ဟိုးရှေးရှေးတုန်းကပေါ့ မိဘုရားလေးယောက် ရှိပြီး သိပ်ကို ချမ်းသာကြွယ်ဝတဲ့ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ ဘုရင်ကြီးဟာ သူ့ရဲ့ စတုတ္ထမြောက် မိဘုရားကိုတော့ အချစ်ဆုံးဖြစ်ပြီး အကောင်းဆုံး၊ အနူးညံ့ဆုံး၊ အချိုမိန်ဆုံး ဆက်ဆံပါသတဲ့။

တတိယမြောက် မိဘုရားကိုလည်း ချစ်တာပါပဲ။ အိမ်နီးချင်း တိုင်းပြည်တွေကိုလည်း တတိယမြောက် မိဘုရားကို ကြွားလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီမိဘုရားဟာ သူ့ကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ထားသွားခဲ့မှာကိုတော့ သူ စိုးရိမ်နေတတ်ပါတယ်။

ဒုတိယမြောက် မိဘုရားကို ချစ်တာကျတော့ တစ်မျိုး.. အဲဒီ မိဘုရားကို သူ့ရဲ့ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ ယုံကြည်အားကိုရာအဖြစ် ဘုရင်ကြီးက မှတ်ယူတယ်။ ပြသနာတွေ ဖြစ်လာတိုင်းမှာ ဒုတိယမြောက် မိဘုရားနဲ့တိုင်ပင်လေ့ရှိပြီး မိဘုရားကလည်း အမြဲကူညီ ဖြေရှင်း ပေးပါတယ်။

ပထမဦးဆုံး မိဘုရားကတော့ ဘုရင်ကြီး အပေါ်မှာ တော်တော်သစ္စာ ရှိပါတယ်။ ဘုရင်ကြီးရဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ ပါဝင်ကိုင်တွယ်ပေးပြီး ဘုရင်ကြီးကိုလည်း နှစ်နှစ်ကာကာကို ချစ်ခင် မြတ်နိုးပါတယ်။ ဒါပေမယ့် ဘုရင်ကြီးကတော့ သူ့ကိုတစ်ခြား မိဘုရားတွေလောက် မချစ်ပါဘူး။

တစ်ရက်မှာတော့ ဘုရင်ကြီးဟာ အသည်းအသန်ကို နာမကျန်း ဖြစ်ပါတယ်။ သူ့ဘ၀ သက်တမ်း ကုန်ဆုံးတော့မှာကို သိနေတဲ့ ဘုရင်ကြီးဟာ သူ့ရဲ့ ချမ်းသာကြွယ်ဝမှုတွေ၊ ဇိမ်ရှိရှိ နေခဲ့ရတဲ့ အကြောင်းကို ပြန်လည်စဉ်းစားမိပြီး "ငါ့မှာ မိဘုရားလေးယောက် ရှိတယ်.. ဒါပေမယ့် ငါသေရတော့ တစ်ယောက်ထဲပါလား" လို့တွေးမိတော့တယ်။

နောက်တော့ သူကသူ့ရဲ့စတုတ္ထမြောက်မိဘုရားကို ခေါ်ပြီးမေးလိုက်တယ်..။
"အချစ်ရေ.. ကိုယ်မင်းကို အချစ်ဆုံးပဲ ဆိုတာ မင်းသိတယ်နော်.. မင်းကိုကောင်းပေ့၊ လှပေ့ဆိုတဲ့ အ၀တ်အစားတွေ၊ အသုံးအဆောင်တွေကို ချီးမြှင့်ခဲ့တယ်၊ မင်းကိုလည်း ငါ အရမ်း ဂရုစိုက်ခဲ့တယ်.. မင်း ငါနဲ့ အတူတူ လိုက်သေနိုင်မလား" ။ မိဘုရားက "လုံးဝပဲ" လို့ ပြန်ပြောလိုက်တယ်။ နောက်ထပ် စကား တစ်လုံး တလေမှ မပြောပဲ လှည့်ထွက်သွားခဲ့တယ်။ သူ့ရဲ့ အဖြေစကားဟာ ဘုရင်ကြီးရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းသလိုပဲ ခံစား ရစေပါတယ်။

ဝမ်းနည်းသွားတဲ့ ဘုရင်ကြီးဟာ ဒုတိယမြောက် မိဘုရားကို ခေါ်ပြန်တယ်။
"ငါဟာမင်းကို ငါ့ဘ၀နဲ့ ချီပြီး ချစ်ခဲ့တယ်။ ခုတော့ ငါသေရတော့မယ်.. မင်း ငါနဲ့တူတူ လိုက်သေနိုင်မလား"။ "မသေနိုင်ပါဘူးရှင်... ဘ၀ဆိုတာ ကောင်းတာတွေကို ခံစားဖို့ ဖြစ်လာတာ.. ရှင်သေရင် ကျွန်မ နောက်တစ်ယောက်နဲ့ လက်ထပ်မှာပေါ့" လို့ ဖြေလိုက်တယ်။ ဘုရင်ကြီးရဲ့ နှလုံးသားဟာ အေးစက် တောင့်တင်း သွားလေရဲ့။

နောက်တော့ တတိယမြောက် မိဘုရားကိုလည်း ခေါ်လိုက်တယ်။ "ငါဟာ အမြဲတမ်းပဲ မင်းရဲ့ အကူအညီတွေကို ယူခဲ့တယ်.. မင်းကလည်း ပြသနာတွေကို ငါနဲ့အတူတူ ရင်ဆိုင်ခဲ့တယ်။ ငါနဲ့ တူတူ လိုက်သေနိုင်မလား အချစ်ရယ်"။ "၀မ်းနည်းပါတယ်ရှင်.. ဒီတစ်ခါတော့ ကျွန်မ ရှင့်ကို မကူညီနိုင်တော့ပါဘူး.. အဲ ဒါပေမယ့် ရှင့်ရဲ့ အသုဘကိုတော့ ကျွန်မ လိုက်ပို့ပေးပါ့မယ်.. ရှင့်ရဲ့ အုတ်ဂူဆီသို့လည်း ကျွန်မ လာပါ့မယ်"လို့ ပြန်ဖြေလိုက်တယ်။ ဘုရင်ကြီးဟာ အတော်လေးကို စိတ်ဆင်းရဲသွားတယ်။

အဲဒီအချိန်မှာပဲ "ကျွန်မ ရှင်နဲ့ အတူတူ လိုက်သေမယ်.. ရှင်ဘယ်သွားသွား ရှင့်နောက်က ကျွန်မလိုက်ဖို့ အသင့်ပါပဲ" ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ဘုရင်ကြီးဟာ ချက်ချင်းပဲ ခေါင်းထောင် ကြည့်လိုက်တယ်။ သူ့ရဲ့ ပထမဆုံး မိဘုရားကို သူ တွေ့လိုက်ရတယ်။ သူမဟာ အတော်လေးကို ပိန်လှီးနေပြီး ဝေဒနာခံစားနေရပုံ ပေါက်နေတယ်။ ဘုရင်ကြီးဟာ နောက်ဆုံး အနေနဲ့ သူမကို ပြောလိုက်တယ် "ငါ မင်းကို ပိုဂရုစိုက်ခဲ့သင့်တာ.. နောက် ဘ၀မှာ အခွင့်အရေး ရှိမယ်ဆိုရင် ငါ ပြန်လည်ပေးဆပ်ဖို့ မျှော်လင့်ပါတယ်" လို့ ပြောလိုက်တယ်။

ပုံပြင်လေးကတော့ ဒါပါပဲဗျာ။ ဟုတ်ပါတယ်။ ကျွန်တော်တို့တွေရဲ့ ဘ၀မှာ ဇနီးလေးယောက် ရှိပါတယ်..။ စတုတ္ထမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာပါပဲ.. သူ့ကို ဘယ်လောက်ပဲ ကောင်းကောင်း ကျွေးမွေး ပြုစုခဲ့ပါစေ.. သေသွားတဲ့ တစ်နေ့မှာတော့ ထားခဲ့ရတာပါပဲ။ တတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ ပိုင်ဆိုင်မှုတွေပါ။ ကိုယ်သေသွားတဲ့ အချိန်မှာ တစ်ပါးသူ လက်ထဲ ရောက်သွားတာပဲလေ။ ဒုတိယမြောက် ဇနီးကတော့ ကျွန်တော်တို့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေပေါ့။ အသက်ရှင်နေစဉ်မှာ အနားမှာရှိပြီး ဘယ်လောက်ပဲ ကောင်းခဲ့ ကောင်းခဲ့၊ သူတို့တွေ ကိုယ့်အတွက် အများဆုံး လုပ်ပေးနိုင်တာကတော့ ကိုယ်သေသွားတဲ့ အချိန်မှာ အသုဘ လိုက်ပို့မယ်.. နောက်တော့ အုတ်ဂူလေးဆီ လာကြမယ်.. ဆုတောင်းပေးကြမယ်။ အဲ. ပထမဆုံး
ဇနီးကတော့ ကျွန်တော်တို့တွေရဲ့ .. စိတ်(ကုသိုလ်စိတ်-အကုသိုလ်စိတ်) ပဲပေါ့ဗျာ။ သူ တစ်ခုတည်းကသာ သေသွားတဲ့ အချိန်မှာ ကိုယ်သွားရာ နောက်ကို လိုက်နိုင်တဲ့ သူတွေပေါ့။

--
with regards,
Nway Nway Tun

ဒီပိုစ့်လေးကို ကျွန်ုပ်၏ သူငယ်ချင်းမြင့်မြင့်ဆီမှ ပေးပို့ လိုက်သော Forward mail ထဲကနေသူငယ်ချင်းတို့  အားလုံးကို မျှဝေခြင်းဖြစ်ပါတယ်။

Sunday, June 21, 2009

ဘ၀ဟူသောအိမ်

အသက်ကြီးရင့်ပြီ ဖြစ်တဲ့ လက်သမားဆရာကြီးဟာ သူ့အလုပ်ကနေ ရပ်နားဖို့
ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ အိမ်ဆောက်တဲ့ အလုပ်ကနေ ရပ်နားပြီး
သူ့မိန်းမနဲ့အတူ မိသားစုဘ၀ကို အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ
ဖြတ်သန်းတော့မယ့်အကြောင်း သူ့ရဲ့ အလုပ်ရှင်ကို အကြောင်းကြားလိုက်တယ်။
အပတ်စဉ် ၀င်ငွေရနေတဲ့ ဒီအလုပ်ကို သူ နှမြောပေမယ့် သူ နားချင်ပြီ။ နားကို
နားတော့မယ်လို့ စိတ် ဒုန်းဒုန်းချလိုက်တယ်။

အလုပ်ရှင်ဟာ လူတော်တစ်ယောက် ဆုံးရှုံးရမှာကို အရမ်းနှမြောနေတယ်။ သူ့ဆီကနေအလုပ်ထွက်သွားတာကိုလည်း သူ မလိုလားဘူး။ အရမ်းလည်း ၀မ်းနည်းမိတယ်။ ဒါနဲ့နောက်ဆုံးအနေနဲ့ အိမ်တစ်လုံးတော့ ဆောက်ပေးပါဦးလို့ တောင်းပန်ပြီး ဆွဲထားလိုက်တယ်။

အလုပ်ရှင်က တောင်းဆိုနေတော့ သူ ခေါင်းညိတ်လိုက်ရပေမယ့်သူ့ရဲ့ စိတ်မပါလှတဲ့ လုပ်ရပ်တွေက အတော်လေးကို သိသာနေတယ်။ သူနားချင်တာ မနားရတော့ အလုပ်ရှင်အပေါ်မှာလည်း ငြိုငြင်မိနေတယ်။ ခါတိုင်း အနုစိတ်ပြီး တိတိကျကျ လုပ်တတ်သမျှ အခုတော့ အိမ်တစ်လုံး မြန်မြန်ပြီးဖို့ ဆိုတာပဲ အတွေးက ရှိတယ်။ သူနားချင်ပြီ။ ဒီအလုပ်ပြီးရင် သူ့အလုပ်ရှင်က ပေးနားမယ်။ ဒီတော့ မြန်မြန် ပြီးရမယ်ပေါ့။ သူ့ဘ၀ရဲ့ အသက်မွေးဝမ်းကျောင်းမှုမှာ ဒါသူ့ရဲ့ နောက်ဆုံး လက်ရာ ဖြစ်ကျန်နေမယ်ဆိုတာကို သူ လုံးလုံး
သတိမရှိနိုင်တော့ဘူး။


လက်သမားဆရာကြီးဟာ သူရဲ့ နောက်ဆုံးအိမ်လေးကို ဆောက်လို့ ပြီးသွားတော့
အလုပ်ရှင်ဟာ အိမ်ကို လာစစ်ဆေးပါရော။ အသေအချာ စစ်ဆေးပြီး အလုပ်ရှင်ဟာ
အိမ်တံခါးကို ပိတ်လိုက်တယ်။ နောက် တံခါးသော့ကို လက်သမားကြီးရဲ့ လက်ထဲ
ထည့်လိုက်ပြီး တည်ငြိမ်တဲ့ အကြည့်နဲ့ ပြောလိုက်တယ်။

"ဒီနေ့ကနေ စပြီး ဒါ ဆရာကြီးရဲ့ အိမ် ဖြစ်သွားပါပြီ။ ဒါ ကျနော်ရဲ့ လက်ဆောင်ပါ။"

ဒီစကားလည်း ကြားလိုက်ရော လက်သမားဆရာကြီး ထိတ်လန့် တုန်လှုပ်သွားတယ်။ ရှက်စရာ ကောင်းလိုက်တာ။ တကယ်လို့ သူ ဆောက်နေတဲ့ အိမ်ဟာ သူ့ ကိုယ်ပိုင်အိမ် ဆိုတာသိခဲ့ရင် သူ ဒီလို လုပ်ပါ့မလား။ ဒီလောက် ပစ္စလက်ခတ်ဆောက်ပါ့မလား။

ကျနော်တို့ရဲ့ ဘ၀တွေဟာလည်း ဒီလိုပါပဲ။ ကျနော်တို့ရဲ့ ဘ၀တွေကို ကျနော်တို့ ကိုယ်တိုင် တည်ဆောက်နေရတာ မဟုတ်လား။ ဒါပေမယ့် တခါတခါ ကျနော်တို့ စွမ်းအား ရှိသလောက် ဒီဆောက်လုပ်ရေးမှာ ထုတ်မသုံးဖြစ်ဘူးနော်။ နောက်ဆုံး ကျနော်တို့ ဆောက်ထားတဲ့ အိမ်မှာ နေရတော့မယ်ဆိုတာ သိလိုက်ရတဲ့ အချိန်ကျမှ ကျနော်တို့ အကြီးအကျယ် ပြာယာခတ်ကုန်တယ်။ နောက်ကြောင်းပြန်ပြီး ပြန်လည်တည်ဆောက်ခွင့် ရှိရင်တော့ အရင်ကထက် ထူးထူးခြားခြား လုပ်မိကြမယ်ထင်တယ်။

တကယ်တမ်းကော ကျနော်တို့ နောက်ပြန်သွားလို့ ရပါ့မလား။ ကျနော်တို့ဟာ ဘ၀ကို ပုံဖော်နေတဲ့ လက်သမားဆရာတွေပါ။ နေ့စဉ်နဲ့အမျှ သံရိုက်ကြတယ်၊ နံရံကို တည့်မတ်ကြတယ်၊ အမိုးမိုးနေကြတယ်။ ဒီနေ့ လုပ်လိုက်တဲ့ ကျနော်တို့ရဲ့ အပြုအမူ၊ ရွေးချယ်မှုနဲ့ ကိုယ်ကျင့်တရားဟာ မနက်ဖြန် ကျနော်တို့နေဖို့
အိမ်အတွက် ကုန်ကြမ်းတွေပါ။ အထောက်အပံ့တွေပါ။

ဒါကြောင့် ကျနော်တို့ ဉာဏ်ပညာ ရှိရှိနဲ့ ဆောက်လုပ်ကြပါစို့လား။

FW mail ကတဆင့်ဖတ်ရတဲ့ ပုံပြင်လေးပါ အသိတရားတွေရစေဖို့  သူငယ်ချင်းတို့ ကို မျှဝေခြင်းဖြစ်ပါတယ်။

JetAudio Player

JetAudio Player သည် Movies & Songs တို့ ကိုလွယ်ကူစွာကြည့်ရှူ့ နိုင်သည့် Player တစ်ခုဖြစ်ပါသည်။ အခု ဒီ Blog တွင်တင်ထားသော ရုပ်ရှင်များကို JetAudio Player ဖြင့် လွယ်လင့်တကူ ကြည့်ရှု့ နိုင်ပါသည်။ပထမတင်ထားသော VLC Player မှာ တချို့ movies များကို ရစ်ကြည့်ကျော်ကြည့်လို့  မရပါ။ ဒီ JetAudio Player မှာရှေ့ နောက် ရစ်ကြည့်လို့ ရပါသည်။

Tuesday, June 16, 2009

ဟာသလေးများ . . .


တစ်ယောက်တစ်လှည့်
" ကျွန်တော်တို့နှစ်ယောက် လက်ထပ်ပြီးတဲ့အထိမ်းအမှတ်အဖြစ် ဟန်းနီးမွန်းထွက်ချင်လို့ ခွင့်ဆယ်ရက်လောက် ပေးပါခင်ဗျာ "
" အင်း ..... ခက်တာပဲ။ လောလောဆယ်အလုပ်တွေကျပ်နေတော့ တစ်ယောက်ယောက် မရှိရင်လည်း မဖြစ်ပြန်ဘူး။ နှစ်ယောက်စလုံးက ငါ့ကုမ္ပဏီရဲ့စံပြ၀န်ထမ်းတွေဆိုတော့ ခွင့်မပေးနိုင်ဘူးလို့လည်း မပြောရက်ပြန်ဘူး။ ဒီတော့တစ်ယောက်တစ်လှည့်စီသွားကြဖို့ မေတ္တာရပ်ခံပါရစေကွာ "

ယောက်ျားဆိုတာ

" ဟောဟိုထိုင်နေတဲ့လူဟာ ခုနကတစ်ချိန်လုံးလိုလို ကျွန်မကိုစိုက်ကြည့်နေတာ ၊ အခုမမရောက်လာမှပဲ ခပ်တည်တည်နေဖော်ရတော့တယ် "
" ဘယ်သူလဲ ဟိုလူလား ၊ အဲဒါမမအမျိုးသားလေ "



မေမေ့စကား
လက်ရေးညံ့လိုက်တာကွာ၊ မင်းကိုနေ့တိုင်းရိုက်ရတာလည်း လက်ညောင်းလှပြီ၊ မင်းအိမ်ကဘာမှဂရုမစိုက်ဘူးလား " ကျွန်တော့်မေမေကပြောတယ်ဆရာ၊ ငါ့သားလက်ရေးမလှလည်းကိစ္စမရှိဘူးတဲ့၊ ဘယ်သူမှမဖတ်တတ်ရင်နေပါစေတဲ့၊ ကြီးရင်ဆရာဝန်လုပ်ခိုင်းမှာတဲ့ "

Thursday, June 11, 2009

ပန်းသုံးပွင့်၏ အချစ်ဇာတ်လမ်း

အခုတင်ပေးလိုက်တဲ့ဇာတ်လမ်းလေးကတော့ ပန်းသုံးပွင့်၏ အချစ်ဇာတ်လမ်း ဖြစ်ပါတယ်။ ဒီကားလေးမှာ စိုးမြတ်သူဇာ၊ မို့ မို့ မြင့်အောင်၊ ထွန်းအိန္ဒြာဗိုလ် တို့ ၏ အပျိုကြီး ၃ ယောက်ရဲ့ ဟာသအချစ် ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကြည့်ရင် စိတ်အပန်းဖြေနိုင်ကြပါစေ။

Saturday, June 6, 2009

Positive Attitude

ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား... ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား... အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး....
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး... ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား... လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက်
အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား... ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်...
သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။
ရင်းနှီးစွာနှင့်
ရောင်နီ၀၇


ကျွန်မရဲ့ သူငယ်ချင်းပို့ လိုက်တဲ့ FW mail ကနေမျှဝေလိုက်ပါတယ်။

Sunday, May 17, 2009

ပရိတ်တရားတော်မြတ် ဗီဒီယို ...




ရုပ်ရောအသံရော မြင်၍တရားနာချင်သောသူများအတွက် မျှဝေလိုက်ပါတယ်။ အားလုံးအပိုင်း ၆ ပိုင်းပါပါတယ်။ တရားတော်မြတ်များကို နာယူ အားထုတ်နိုင်ကြပါစေ။


ကြယ်စင်

Wednesday, May 13, 2009

ခွင့်လွှတ်ပါလို့ပြောတတ်ပါစေ


"မှားသွားတယ် ခွင့်လွှတ်ပါ" လို့ပြောတာဟာသိက္ခာ မကျပါဘူး။သိက္ခာရှိပါတယ်။

ဘယ်သူ့ကြောင့်ပဲ၊ ဘယ်သူက ဒီဇာတ်လမ်းကို စတာပဲ၊ ဘယ်သူမှားတာပဲ....... ဆိုတာတွေ ဘေးချိတ်လိုက်ပါ။ လက်ညိုးထိုးပြီး အောင်ပွဲ ခံရမယ့်ပွဲ မဟုတ်ဘူး။ မကျေမချမ်းတွေ ဖြစ်ပြီးစကား မပြော ကြေး ၊စိတ်ကောက် ကြတာဟာ လူကြီးတွေရဲ့ အလုပ် မဟုတ်ပါဘူး။ လျှာနဲ့သွားခလုတ်တိုက် မိတာတို့၊ ကိုယ်မှန်-သူမှား တို့ဆိုတာ လောကသဘာဝ ကြုံရတတ်တာပါ။

ကျွန်တော့် နည်းလမ်းတွေကို လိုက်နာမယ် စိတ်ကူးရင်တော့၊ကိုယ်ကပဲ အရင်ဆုံး 'ခွင့်လွှတ်နော်' 'I am sorry' လို့ ပြောတတ်ပါစေ။ဒီလိုပြောလိုက် လို့ သိက္ခာမကျပါဘူး။ စိုသော လက်ကို မခြောက်ဖို့ ကြိုးစားသူအဖြစ် သိက္ခာတောင် တက်ပါသေးတယ်။

'စိတ်မကောင်းပါဘူး' လို့တောင်းပန်တာဟာ တကယ် စိတ်မကောင်းလို့ပဲ ဖြစ်ရမယ်။ သွေးဆူနေတုန်းတော့ ငြင်းကြ-ခုံကြတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲဒီလို ငြင်းခုံရပြီ ဆိုကတည်းက နည်းလမ်း မကျတော့ တာတွေ ဖြစ်လာပြီ လို့သိသင့်ပါတယ်။ သေးသေးဖွဲဖွဲပဲ ဖြစ်ဖြစ်၊ ကြီးကြီးမားမားပဲ ဖြစ်ဖြစ် ငြင်းတယ်၊ခုံတယ် ဖြစ်လာပြီဆို ကတည်းက မှားနေပြီ။ ဒီတော့sorry လို့ပြောလိုက်ပါ။စိတ်ထားမြင့်ရာ ကျပါတယ်။ဆက်ဆံရေးကို ခိုင်မြဲချင်သူဖြစ်ရာကျပါတယ်။ ကိုယ်မှန်တယ်၊သူမှားတယ် ဆိုတာတွေ မေ့ပစ်လိုက်ပါ။

ငြင်းတယ် ဆိုကတည်းကမှားနေကြပြီပဲ။ဒီတော့ ကိုယ်ကဦီးအောင် တောင်းပန်လိုက်ပါ။ မာနကို ထိခိုက်တယ်၊ လုပ်ရမှာခက်တယ် ဆိုတာတော့မှန်ပါရဲ့၊ကြိုးစားပါ၊ အကောင်းဆုံးကတော့ ဒီစာအုပ်ကို ထပ်ဝယ်ပြီး သူကိုလက်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။ သူသဘောပေါက်သွားပါလိမ့်မယ်။ကိုယ် တောင်းပန်လိုက် လို့ပြေငြိမ်းသွားရတဲ့ ကြည်နူးမှုကလည်း ကြီးမြင့်လှပါတယ်။

လည်ချောင်းဝမှာ တစ်ဆို့ဆို့ဖြစ်နေပြီး အရမ်း ကြိုးစားပြောရမှာ ဖြစ် တယ်ဆိုရင်တောင် အကျိုးကျေးဇူးတွေ အများကြီး ရှိလာမယ်ဆိုတာကို စဉ်းစားပြီး ပြောဖြစ်အောင်ပြောပါ။ သဘောထားကြီးရာရောက်သွားမယ်။ ဒါ့ပြင် ဒေါသတွေ ငြိမ်းသွားမယ်။ ဆက်ဆံရေး ကြည်လင်သွားမယ်။ ကိုယ်က ဦးအောင် တောင်းပန်လိုက်ရင် တစ်ဖက်ကလည်း ပြန်ပြီး ဝန်ချဖို့များပါတယ်။

တောင်းပန်တယ်ဆိုတာ ကိုယ်မှားလို့ချည်း မဟုတ်ပါဘူး။ ကိုယ်က မှန်နေတာတောင် စိတ်ကို မထိန်းနိုင်မှု၊ ရန်လိုမှု၊ မဆင်ခြင်မှုတွေအတွက် တောင်းပန်တာပါ။ ကိုယ့်သိက္ခာကိုယ်ချမိတဲ့ အဖြစ်ကို စင်ကြယ်အောင် ဆေးကြောပြီး ခေါင်းမော့လိုက်စမ်းပါ။


Written By; SSA

Reference - http://zaw357.multiply.com

ဒီပို့ စ်လေးကိုတင်ရတဲ့အကြောင်းက ဒီကမ္ဘာတစ်ခုတည်းပေါ်မှာရှိနေကြတဲ့ လူတွေအားလုံး လူလူချင်း စာနာသင့်တာစာနာဖို့  တစ်ယောက်နဲ့ တစ်ယောက် နှိမ်ချမဆက်ဆံဖို့  ခွင့်လွှတ်တတ်ဖို့  ကိုယ်ကမှားခဲ့ရင် တောင်းပန်သင့်တာကို တောင်းပန်ဖို့ ဝန်မလေးဖို့ ကိုရည်ရွယ်ပါတယ်။

Monday, May 11, 2009

ဘွန်း

ဘွန်း ဗွီဒီယို ဇာတ်ကားကို မင်းသား နေတိုး မင်းသမီး မိုးဟေကို ၊ ဟေမန်အောင်အောင် ၊ ဇင်ဇင်ဇော်မြင့် နှင့် စန္ဒီမြင့်လွင် တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဟာသဇာတ်မြူးကားလေးလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို freemyanmarvcd ကနေ သူငယ်ချင်းတို့ အတွက် Share လိုက်ချင်းဖြစ်ပါတယ် ။ freemyanmarvcd ကိုလည်းအရမ်းကျေးဇုးတင်ပါတယ် ။ သူဇာတ်လမ်းအကျဉ်းချုံးကတော့ . . . . ဇာတ်ကားလေးကိုပဲ ကြည့်လိုက်ပါတော့နော် . . . . Download လုပ်ရန် . . .

Sunday, May 3, 2009

ပျော်ရွှင်တဲ့ စိတ်

ပျော်ရွှင်တဲ့ စိတ်


တစ်ခါက လူတွေကို အရမ်းကူညီတတ်တဲ့ လူတစ်ယောက်ဟာ သေဆုံးပြီးနောက်
ကောင်းကင်ဘုံရောက်ပြီး နတ်သားဖြစ်သွားခဲ့တယ်။ နတ်သားဖြစ်သွားသည့်တိုင်
သူဟာ လူ့ပြည်ကိုဆင်းပြီး လူတွေကို အကူအညီတွေ ပေးခဲ့ပြန်တယ်။ လူတွေဆီကနေ ပျော်ရွှင်ခြင်းရနံ့တွေ ရှုရှိုက်နိုင်ဖို့ သူမျှော်လင့်ကြိုးစားခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ အခက်အခဲကြုံနေပုံရတဲ့ လယ်သမားတစ်ဦးနဲ့ ဆုံခဲ့တယ်။
လယ်သမားက နတ်သားကိုတွေ့တာနဲ့ "ကျွန်တော့်အိမ်ကကျွဲ သေသွားလို့ လယ်တွေကို ကျွန်တော် ဆက်မထွန်နိုင်ဖြစ်နေပါတယ်" လို့ ရင်ဖွင့်တယ်။

လယ်သမားစကားကို ကြားတော့ နတ်သားက သန်မာတဲ့ ကျွဲတစ်ကောင် ဖန်ဆင်းပေးလိုက်တယ်။ လယ်သမားဆီကနေ ပျော်ရွှင်ရနံ့ကို နတ်သားရှုရှိုက်လိုက်မိတယ်။

နောက်တစ်နေ့မှာ နတ်သားက စိတ်ပျက်လက်ပျက် ထိုင်ငေးနေတဲ့ လူတစ်ယောက်နဲ့ ဆုံပြန်တယ်။ နတ်သားကိုတွေ့တော့ အဲဒီလူက "ကျွန်တော်ငွေတွေ လူလိမ်လို့ ကုန်ပြီဗျာ၊ ရွာပြန်ဖို့ လမ်းစရိတ်မရှိလို့ပါ" လို့ ပြောတော့ နတ်သားက သူ့အတွက် လမ်းစရိတ် ထုတ်ပေးလိုက်တယ်။ အဲဒီလူဆီက ပျော်ရွှင်ရနံ့က နတ်သားဆီကို လွင့်လာခဲ့တယ်။

တစ်နေ့မှာ နတ်သားဟာ ကဗျာဆရာတစ်ဦးကို တွေ့ပြန်တယ်။ ကဗျာဆရာက ငယ်ရွယ်နုပျို ချောမောပြီး၊ ငွေကြေးလည်း ပြည့်စုံသလို၊ လှပတဲ့ဇနီးတစ်ဦး ကိုလည်း ပိုင်ဆိုင်ထားတယ်။ ဒါပေမယ့် အဲဒီကဗျာဆရာ မပျော်ခဲ့ဘူး။

ကဗျာဆရာကို နတ်သားက "ဘာကြောင့်မပျော်သလဲ? ဘာများကူညီရမလဲ?" လို့မေးတော့ ကဗျာဆရာက "ကျွန်တော့်မှာ ဘာမဆိုရှိတယ်။ ဒါပေမယ့် တစ်ခုပဲ လိုအပ်နေတယ်။ ကျွန်တော့်ကို ပေးနိုင်မလား?" လို့ နတ်သားကို ပြန်မေးတယ်။

"ပေးနိုင်ပါတယ်။ အလိုရှိတာ တောင်းဆိုပါ" လို့ နတ်သားဆိုတော့

"ပျော်ရွှင်ခြင်းကို ကျွန်တော်လိုအပ်နေတယ်" လို့ ကဗျာဆရာက ပြောပါတယ်။

ကဗျာဆရာ စကားကြောင့် နတ်သားအခက်တွေ့သွားခဲ့တယ်။ တအောင့်ကြာမှ "ကောင်းပြီ" ဆိုပြီး ကဗျာဆရာပိုင်ဆိုင်သမျှ အားလုံးကို ယူဆောင်သွားခဲ့တယ်။

ကဗျာဆရာရဲ့ အောင်မြင်မှုကို ယူသွားတယ်၊ ဥစ္စာပစ္စည်းတွေကို ယူသွားတယ်၊ သူ့ရဲ့ရုပ်ရည်ကို ယူသွားတယ်၊ ဇနီးချောရဲ့ အသက်ကိုယူပြီး နတ်သား ထွက်သွားခဲ့တယ်။ တစ်လကြာပြီးနောက် ကဗျာဆရာဆီ နတ်သား ပြန်ရောက်လာခဲ့တယ်။ အဲဒီအချိန်မှာ ကဗျာဆရာက ကြမ်းပြင်ပေါ်မှာ လဲလျောင်းပြီး ဆာလောင်လို့ သေလုမျောပါး ဖြစ်နေခဲ့တယ်။ နတ်သားက ကဗျာဆရာကို အရာအားလုံးပြန်ပေးပြီး ထွက်သွားခဲ့တယ်။

လဝက်လောက်နေပြီ ကဗျာဆရာကို နတ်သားသွားကြည့်ပြန်တယ်။ ဒီအချိန်မှာ ကဗျာဆရာက ဇနီးသည်ကို ပွေ့ဖက်ပြီး နတ်သားကို ကျေးဇူးတင်နေခဲ့တယ်။ ပျော်ရွှင်ခြင်းတွေကို သူရခဲ့လို့ပါပဲ....

အထီးကျန်ဆန်ခဲ့ဖူးသလား?
ပျော်ရွှင်တဲ့ အရသာကို ခံစားခဲ့ဖူးသလား?
အထီးကျန်တယ်၊ ပျော်ရွှင်တယ်ဆိုတာ နှိုင်းယှဉ်မှုတွေကိုပြတဲ့ နာမဝိသေသနတွေဖြစ်တယ်။ အထီးကျန်တာကို မခံစားဖူးရင် ပျော်ရွှင်တဲ့အရသာကို ဘယ်လာခံစားတတ်မလဲ? လူတွေကလည်း လူတွေပါပဲ.. လက်လွတ်ရခါနီးမှ၊ လက်လွတ်သွားမှ တန်ဖိုးထားရကောင်းမှန်း သိတော့တယ်။
" တကယ်တော့ ပျော်ရွှင်ခြင်းက ကိုယ်နဲ့အနီးဆုံး နေရာမှာ အမြဲရှိနေခဲ့ပါတယ် "

ဗိုက်အရမ်းဆာတဲ့အချိန် ခေါက်ဆွဲခြောက်လေးတစ်ထုပ် ရှိတာလဲ ပျော်ရွှင်ခြင်းပဲ ရမ်းမောပန်းနွမ်းနယ်တဲ့အချိန် ကျောခင်းစရာ နေရာလေးတစ်ခုရှိတာလဲ ပျော်ရွှင်ခြင်းပဲ အားရပါးရ ငိုနေတဲ့အချိန် ဘေးမှာရှိတဲ့ လူတစ်ယောက်က တစ်ရူးလေးတစ်ရွက် ကမ်းပေးလာတာလဲ ပျော်ရွှင်ခြင်းပဲ မနက်နိုးလာတာနဲ့ လှပတဲ့ နေရောင်ခြည်ကို တွေ့နိုင်တာလဲ ပျော်ရွှင်ခြင်းပါပဲ။

ပျော်ရွှင်ခြင်းမှာ တိကျတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မရှိခဲ့ဘူး။
သာမန်ကိစ္စလေး တစ်ခုလည်း ပျော်ရွှင်ခြင်းတွေ ပေးဆောင်နိုင်ပါတယ်။
ဘယ်လောက်အထိ ပျော်ရွှင်သလဲ? ပျော်ရွှင်ခြင်းရဲ့ အတိုင်းအတာကို
ကိုယ့်ရဲ့ရောင့်ရဲတဲ့စိတ်နဲ့ပဲ ခန့်မှန်းဆုံးဖြတ်နိုင်ပါတယ်။

သူငယ်ချင်းတို့ရဲ့ စိတ်မှာ ပျော်ရွှင်ခြင်းတွေ ပြည့်နေခဲ့ပြီလား?
ဒါမှမဟုတ် စိတ်ပျက်ခြင်းတွေနဲ့ ပြည့်နေခဲ့သလား?

ပျော်ရွှင်ခြင်းတွေ တံခါးလာခေါက်တဲ့အခါ ကိုယ့်ရင်ခွင်တံခါးကို ကျယ်ကျယ်ဖွင့်ထားပေးပါ။ ပျော်ရွှင်ခြင်းတွေ ကိုယ့်ရင်ဘတ်ထဲ အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ပါစေ...


Forword Mail ထဲကနေမျှဝေလိုက်ပါသည်။ မေးလ် ပို့ ပေးတဲ့ သူငယ်ချင်းလေးကိုလည်းကျေးဇူတင်ပါသည်။

Friday, April 17, 2009

Painted Skin



ဒီတစ်ခါတော့ ကျွန်မ အရမ်းကြိုက်တဲ့ တရုတ်ကားလေး တင်ပေးလိုက်တယ်နော် အရမ်းကောင်းတယ် ။ မြေခွေးမကလူအသွင်ပြောင်းပြီး စစ်သူကြီးတစ်ယောက်ကို ချစ်မိတဲ့ ဇာတ်ကားလေးပါ။ စစ်သူကြီး၏ဇနီးသည်က မြေခွေးမကိုရိပ်မိသွားသည့် အခါ ယောကျာ်းကမြေခွေးမကို စိတ်ယိုင်နေသည်ကို သိသွားသောအခါ ....

စာတန်းထိုး file လေးပါထဲ့ထားပေးတယ်နော် . . . . .Download files . . .

Wednesday, April 15, 2009

၈ပါး သီလတရားတော်

မနက်ဖြန်(17-04-2009) သောကြာနေ့ သည် မြန်မာနှစ်ဆန်း ၁ရက်နေ့ ဖြစ်ပါ၍ ဥပုသ်သီလ ဆောက်တည်ကြ၇န် အသိပေးနှိုးဆော် အပ်ပါသည် ။ ဥပုသ် ဆောက်တည်လိုသူတွေအတွက် ဤ၈ပါးသီလ တရားတော်ကိုမျှဝေလိုက်ပါသည်။




သာဓု ... သာဓု ... သာဓု ...

Tuesday, April 14, 2009

တွဲဖက်အပြုံး

မင်းသမီး အိနြာကျော်ဇင် နှင့် မင်းသား နေတိုး တို့ ရဲ့  ဟာသဇာတ်လမ်းလေးပါ ။ မိုးမိုးလည်းပါတယ်နော် ....ထုံးစံအတိုင်း မိန်းမဟန်ဆောင်တဲ့ အခန်းလည်းပါသေးတယ်။ ဒီမှာနော် Download Link . . . .
Part I
Part II

Ref fr : Freemyanmarvcd

Sunday, April 12, 2009

2009 စင်္ကာပူသင်္ကြန်


*************************************************************

Sunday, April 5, 2009

သင်္ကြန် မြူးမြူးကြွကြွ သီချင်းများ . . .

လာမည့် ၁၃ ရက်နေ့ သည် သင်္ကြန် အကြိုနေ့  ဖြစ်ပါသည် ။ ကျွန်မတို့ လို အမိမြေနှင့်ဝေးကွာနေသူတွေအဖို့  ဒီသင်္ကြန် ကို လက်ရှိနေရာမှာ ဘယ်နည်းနှင့်မျှ မပျော်နိုင်ပါ။ သို့ ပါ၍ ဤသင်္ကြန်သီချင်းလေးများကြည့်ရင်း နှစ်သိမ့်ဖို့ ရာ သူငယ်ချင်းများကို မျှဝေလိုက်ပါသည်။ သီချင်းအားလုံး ၄ ပုဒ်ပါပါသည်။ Auto Play မဖြစ်ပါက နောက်တစ်ပုဒ်ကို Pointer တင်၍ Click နှိပ်ပြီး ကြည့်နိုင်ပါသည်။


VLC Player


ဒီ VLC Player software လေးကတော့ ရုပ်ရှင် (movies), သီချင်း (VCD) တွေကြည့်လို့ ရတဲ့ Software လေးတစ်ခု ဖြစ်ပါတယ်။ ဒီပလေရာဟာ ဗီဒီယို Format တော်တော်များများကို ဖတ်နိုင်တဲ့ Powerful Player တစ်ခုဖြစ်ပါတယ်။ စာတန်းထိုး file ( .srt , etc...) ကို Download လုပ်ပြီး Movies နဲ့ အတူ Player Software ထဲကို Drag ဆွဲထည့်ပြီး စာတန်းထိုး ရုပ်ရှင် ကြည့်လို့ ရပါတယ် ။ Download Link လေးပေးထားပါတယ်။ ဇာတ်ကားအလိုက် မိမိရွေးချယ်ချင်တဲ့ စာတမ်းထိုးဖိုင်ကို ဒီမှာ ရနိုင်ပါတယ်။ အလားတူ Google မှာလည်း ကြိုက်နှစ်သက်သလို ရှာနိုင်ပါတယ်။


:::: .... D o w n l o a d .... ::::

Zawgyi Font

မြန်မာစာ လက်ရေးပုံစံ( Myanmar Font) ကိုလိုချင်ရင် ဒီမှာ ဒေါင်းလော့လုပ်၍ ရယူနိုင်ပါသည် ။

:::: .... D o w n l o a d .... ::::


Monday, March 30, 2009

Chicken Invaders 3 Christmas Edition

နောက်ထပ် Game လေးတစ်ခုထပ်တင်ပေးမယ်နော် ....
ဒါကတော့ ကြက်ပစ်တဲ့ Game ပါ။ အဆင့်တွေ တစ်ဆင့်ပြီးတဆင့် တက်သွားပြီး နောက်ဆုံး ဂိုဏ်းချုပ် ကိုနိုင်အောင် ကစားရတဲ့ Game ပါ။ အဆင့်တိုင်းမှာ ဂိုဏ်းချုပ်တွေရှိတယ် ။ ကမ္ဘာ္ဘ္ဘ္ဘ္ဘဂြိုလ် ကနေ ... နေဂြိုလ် အထိ ဂြိုလ်တွေတစ်ခုပြီး တစ်ခု တိုက်ရတဲ့  Game ပါ... ဒါကတော့ Version 3 ပါ ငယ်ငယ်တုန်းကတော့ Version 1 ကိုပဲ ကစားခဲ့ရပါတယ် ။ ကစားကြည့်ပါဦး ။ ကဲ Download လုပ်ရအောင် ....

:::: .... D o w n l o a d .... ::::

Thursday, March 26, 2009

ကြက်ဥပူတင်း

ကဲ အိမ်မှာနေရင်း Home Made ပူတင်းလေးလုပ်စားရအောင်

လိုအပ်သောပစ္စည်းစာရင်း . . . .
၁-ပေါင်မုန့် 
၂-ကြက်ဥ
၃-နွားနို့ 
၎-သကြား
၅-ဆားအနည်းငယ်
၆-နို့ ဆီအနည်းငယ်
၇- နို့ မှုန့် ရှိလျှင် အနည်းငယ်


ပြုလုပ်ပုံ အဆင့်ဆင့်
၁- ပေါင်မုန့် ၃ချပ်ကို ဘေးအနားသားတွေဖယ်ထားပါ။
၂- စတီးပန်းကန်တစ်ခုထဲတွင် ပေါင်မုန့်  တွေကို ရေနွေးအနည်းငယ်နဲ့  သမအောင်ချေထားပါ။
၃- သကြားစတီး ၃ ဇွန်း နှင့်နို့ ဆီ ၁ဇွန်း ပါပေါင်မုန့် ထဲတွင် ထည့်မွှေပါ။
၎- ကြက်ဥ ၃ လုံးကို သမအောင်မွှေထားပါ ။ အချိုကြိုက်လျှင် သကြား ၁ ဇွန်းထဲ့မွှေပါ။
၅- ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း ထည့်ပါ။
၆- နွားနို့  ထည့်ပါ။ ပြီးလျှင် အားလုံး သမအောင်မွှေပါ။
၇- အောက်ပါပုံအတိုင်း မီးဖိုပေါ်တွင် တယ်ထားပါ။ အိုးထဲတွင်ရေကို ပန်းကန်ရဲ့  ၃ပုံ ၂ ပုံမြှပ်အောင်ထဲ့ပြီးတည်ပါ။
၈- မိနစ် ၃၀ (သို့ ) ၁နာရီလောက်ထိ တယ်ထားနိုင်ပါသည်။ အရည်တွေမရှိတော့ပဲ ပူတင်းပုံပေါ်လာရင်ရပါပြီ ။



မှတ်ချက် ။ ။ ကိုယ်တိုင်စမ်းလုပ်ပြီး မှ သူငယ်ချင်းတို့ ကိုမျှဝေလိုက်ခြင်းဖြစ်ပါသည်။ ကြိုက်မယ်လို့ တော့ ထင်ပါတယ် ။ လုပ်ပုံလုပ်နည်းကတော့တစ်ဟောက်နဲ့ တစ်ယောက် တူမှာမဟုတ်ပါဘူး ။ အမှားများပါရင် သီးခံကြပါလို့ မေတ္တာရပ်ခံပါတယ် . . . .

Wednesday, March 25, 2009

မှတ်ဖွယ်ဆောင်ပုဒ်လေးများ

The Best I like . . . . .

ကျေးဇူးပြုပါလျက်နှင့်
ကျေးဇူးမခံစားရလျှင်
ကျေးဇူးရှင် ၏ အပြစ်မဟုတ်
နေမင်းသည် အလင်းကိုပေးပါလျက်
မျက်စေ့မမြင်သူ အတွက်
အလင်းမရခြင်းမှာ
နေမင်း ၏ အပြစ်မဟုတ်။---။
_____________________________


လူအချင်းချင်းတစ်ယောက်ကို တစ်ယောက် ပေးနိုင်တဲ့
အကောင်းဆုံးလက်ဆောင်က
" စစ်မှန်တဲ့ဂရုစိုက်မှုတွေ " ဖြစ်တယ်။

_______________________________


ငါသည် . . .
'သူတစ်ပါး အကျိုးကို လိုလားသူ ဖြစ်ရလို၏။
သူတစ်ပါးကလည်း ငါ့အကျိုးကို လိုလားသူဖြစ်ပါစေ။
ငါသည် . . . သူတစ်ပါး၏ ဆင်းရဲဒုက္ခကို မနှစ်သက်သူ ဖြစ်ရလို၏။
သူတစ်ပါးကလည်း ငါ ၏ ဒုက္ခကို နှစ်သက်သူ မဖြစ်ပါစေနှင့်။
ငါသည် . . .တစ်ပါးသော သတ္တ၀ါကို မညှဉ်းဆဲရလို။
သူတစ်ပါးကလည်း ငါ့ကို မညှဉ်းဆဲပါစေနှင့်။
လူအပေါင်းသည် လမ်းဆိုး လမ်းကောက်ကို ရှောင်ရှား၍
လမ်းကောင်း လမ်းဖြောင့်ကို လိုက်နိုင်ကြပါစေ။
ငါသည်လည်း . လမ်းဆိုး လမ်းကောက်ကို ဖယ်ကြဉ်၍
လမ်းကောင်း လမ်းဖြောင့်သို့ လိုက်နိုင်သည့်ကိုယ် ဖြစ်ရလို၏'။



some of reference from : ma nine nine & one of my friend

Amazonia Game

Amazonia game ကအဆင့်တွေတဆင့်ပြီးတဆင့် တက်သွားအောင် ကစားတဲ့ Game လေးဖြစ်ပါတယ် ။ ဒီ Game လေးကို ဘယ်လောက်ထိ အားပေးကြ လည်းဆိုရင် ကျွန်မအမေကိုယ်တိုင်အားပေးတဲ့ Game လေးဖြစ်ပါတယ်။ ကျွန်မဆိုရင် ညနက်သန်းခေါင်ထိအောင် မရပ်မနားကစားခဲ့မိတဲ့ ဂိမ်းလေး ဖြစ်ပါတယ်။ သူငယ်ချင်းတို့ လည်း ကစားနိုင်အောင် မျှဝေလိုက်တာပါ။ အိမ်မှာကစားနိုင်အောင် Download လုပ်ရအောင်......

::::.... D o w n l o a d ....::::

အကယ်၍များဒီ ဂိမ်း Install လုပ်ရာမှာ အခက်အခဲတွေ့ ခဲ့ရင် comment မှာရေးပြီး Message ပေးခဲ့ပါ။ တတ်သလောက် မှတ်သလောက် ပြန်လည်၍ ရွှီးပေးပါမည် :-P . . . . .

ဟာသလေးများ . . . .

တစ်ခါက စာမေးပွဲတစ်ခုမှာ ဘာသာပြန်စာကြောင်းတွေကို မေးခဲ့တယ်။

၁) I put on my coat and found its first button was gone.
၂) He heard the phone ring and went to get the call.

ဒါကို မြန်မာလို ဘာသာပြန်ရမယ်ဆိုပါစို့...

၁) အနွေးထည်ကို ဝတ်လိုက်တာနဲ့ အင်္ကျီပေါ်က ပထမကြယ်သီး ပြုတ်နေတာကို ကျွန်တော် သတိထားလိုက်မိတယ်။

၂) ဖုန်းသံကြားတာနဲ့ ဖုန်းကို သူကောက်ကိုင်လိုက်တယ်။

ဒါကို ကလေးငယ်တစ်ယောက် ဖြေလိုက်တာက...
၁) shit !
၂) Hello ~ ဟူတည်း။

Monday, March 23, 2009

အဆုံးအထိ ရယ်ပါ

ညအလုပ်ဆင်းပြန်လာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ နောက်မှာ လူတစ်ယောက် ကပ်ပါလာတယ်။ ဒါကို ကောင်မလေးက သတိထားမိပြီး လန့်နေမိတယ်။ ဖြစ်ချင်တော့ အပြန်လမ်းမှာ သင်္ချိုင်းတစ်ခု ဖြတ်ရတယ်။ ကောင်မလေးက ဖြတ်ထိုးဥာဏ်သုံးပြီး ဂူတစ်ခုရှေ့ရပ်လိုက်တယ်။ အဲဒီနောက် ဂူကိုလက်နဲ့ပုတ်ပြီး "အဖေ.. အဖေ.. သမီးပြန်လာပြီ တံခါးဖွင့်ပေးအုန်း" လို့ ပြောလိုက်တယ်။ နောက်မှာကပ်ပါလာတဲ့ လူက ကောင်မလေး စကားကြောင့် ကြောက်လန့်ပြီး ထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့လူကို ကြည့်ပြီး ကောင်မလေး ရယ်မိတယ်။ အဲဒီအချိန်မှာ ဂူနောက်ကနေ အသံတစ်သံ ထွက်လာတယ်။ "သမီးကလဲ.. သော့ယူသွားဖို့ မေ့ခဲ့ပြန်ပြီလား!" အသံကြောင့် ကောင်မလေး ဂူရှေ့ကနေ ထွက်ပြေးခဲ့ရတယ်။

ကောင်မလေး ထွက်ပြေးသွားပြီးနောက် ဂူနောက်ကနေ ဂူဖောက်ထွင်းတဲ့ သူခိုးတစ်ယောက် ထွက်လာတယ်။ သူခိုးက "ငါ့အလုပ်ကို အနှောင့်အယှက်ပေးတဲ့ လူတွေ မှတ်လောက်သားလောက်အောင် ခြောက်ပစ်ရမယ်" ဆိုပြီး ရယ်နေခဲ့တယ်။ သူခိုးရယ်လို့ မပြီးခင် သူနဲ့မလှမ်းမကမ်းမှာ မှတ်တိုင်ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ယောက်ကို တွေ့လိုက်တယ်။ သူခိုးက "အဘိုးကြီး.. ခင်ဗျား ဘာလုပ်နေတာလဲ" လို့ မေးတော့ အဘိုးအိုက "တောက်.. ဒီလူတွေ ငါ့နာမည်ကို မှားအောင်ရေးကြတယ်ကွာ" လို့ ပြောလိုက်တယ်။ အဘိုးအို စကားကိုကြားပြီး သူခိုးထွက်ပြေးသွားခဲ့တယ်။

ထွက်ပြေးသွားတဲ့ သူခိုးကိုကြည့်ပြီး အဘိုးအို တဟားဟားနဲ့ ရယ်နေခဲ့တယ်။ အဘိုးအိုက "ငါ့ စားကျက်ကို လုချင်တဲ့ကောင် မှတ်လောက်အောင် ဆုံးမရမယ်" လို့ ရေရွတ်လိုက်တယ်။ အဘိုးအို ရွတ်သံမဆုံးခင်မှာ လက်ထဲကသံတူရွင်း မတော်တဆ ပြုတ်ကျသွားတယ်။ တူရွင်းကို အဘိုးအို ကုန်းကောက်ဖို့ ခါးညွှတ်လိုက်တော့ ချုံထဲကနေ လက်တစ်ဖက်နဲ့အတူ "ဘယ်ကကောင်လဲကွ.. ငါမှတ်တိုင်ကို လျှောက်ဖျက်နေတာ" ဆိုတဲ့ အသံအသံ ထွက်လာတယ်။ အဘိုးအို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့ရတယ်။

အဘိုးအို ထွက်ပြေးပြီးနောက် သံတိုသံစကောက်တဲ့ လူတစ်ယောက် ချုံထဲကနေ ထွက်လာတယ်။ အဲဒီလူက မြေပေါ်ကျနေတဲ့ သံတူရွင်းကိုကောက်ပြီး "တောက်... သံတိုသံစလေး ကောက်တာတောင် ဒီလောက် အပင်ပန်းခံရတယ်ကွာ" လို့ အော်ဆဲလိုက်တော့တယ်။

-----------------------------------------------------------------------------

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးမကြာဘူး ယောက်ျားဖြစ်သူက အိမ်မွေးကြောင်နဲ့ ဆော့ကစားနေခဲ့တယ်။ ဒါကို မိန်းမကမြင်တော့ "နင်ဘာလို့ အဲဒီဝက်နဲ့ ကစားနေတာလဲ" လို့ ငေါက်လိုက်တယ်။

အငေါက်ခံရတဲ့ ယောက်ျားက ကြောင်ကိုလက်ညှိုးထိုးပြီး "ဒါဝက်မဟုတ်ဘူး.. ကြောင်ကွ.. ကြောင်" လို့ ပြန်အော်လိုက်တယ်။

အဲဒီအခါမှာ မိန်းမက ယောက်ျားကို "နင့်ကို ငါမေးနေတာ မဟုတ်ဘူး။ ငါ အဲဒီကြောင်ကို မေးနေတာ" လို့ ပြန်အော်လိုက်တယ်။

----------------------------------------------------------------------------------

လင်မယားနှစ်ယောက် ရန်ဖြစ်ပြီးနောက် ရှေ့နေဆီသွားပြီး ကွာရှင်းဖို့ ပြင်ကြတယ်။ ပိုင်ဆိုင်သမျှ ပစ္စည်းဥစ္စာကို တစ်ယောက်တစ်ဝက်ဆီ ခွဲဝေကြတော့ မိန်းမဖြစ်သူက မကျေမနပ်နဲ့ "ကျွန်မစုထားတဲ့ ကိုယ်ပိုင်ငွေ တစ်သောင်းကိုလည်း တစ်ဝက်ခွဲရမှာလား" လို့ မေးတယ်။ ရှေ့နေ ခေါင်းညိတ်ပြလိုက်တယ်။ မိန်းမကဆက်ပြီး "ဒါဆို ဒီကလေးသုံးယောက်ကို ဘယ်လိုခွဲမလဲ"လို့ မေးလိုက်တယ်။ ရှေ့နေခေါင်းကုတ်ပြီး စဉ်းစားတယ်။ အကြာကြီးစဉ်းစားလဲ သင့်တော်တဲ့အဖြေ မရခဲ့ဘူး။ နောက်ဆုံးမှာ ရှေ့နေက "ခင်ဗျားတို့ အိမ်ပြန်ပါ။ ကလေး၎ယောက်ရမှ ပြန်လာခဲ့ပါ။ အဲဒီအချိန်ကျမှ ကွာရှင်းဖို ကျွန်တော်ဆုံးဖြတ်ပေးမယ်" လို့ ပြောလိုက်တယ်။

နိုင်းနိုင်းစနေ စုစည်းတင်ပြသည်

မနိုင်းနိုင်း ဆီမှ နှစ်သက်သော ဟာသလေးများကို ပြန်လည် မျှဝေခြင်းဖြစ်ပါသည်

Saturday, March 21, 2009

မေတ္တာသုတ် တရားတော် . . .

မေတ္တာသုတ် တရားသီးသန့်  နာချင်သူများအတွက် Download လုပ်ရန်

::::.... D o w n l o a d ....::::

Thursday, March 19, 2009

ဟာသအတိုအထွာများ . . . . .

လက်ဖြန့်လို့မဖြစ်ဘူး….
ပထမဆုံးကလေးအား မွေးဖွားရက်နီးကပ်လာသဖြင့် ဂျော်နီအမည်ရှိ ဖခင်တစ်ဦးကဗေဒင်ဆရာထံသွားမေးလေသည်။
ဂျော်နီ။ ။မွေးလာမယ့်ကလေးရဲ့ ဇာတာကိုသိချင်လို့ပါ။
ဗေဒင်ဆရာ။ ။ယောက်ျားလေးမွေးမယ်၊ လက်သီးဆုပ်ပြီးမွေးလာရင် သူခိုးဖြစ်မယ်။လက်ဖြန့်ပြီးမွေးလာရင် ပညာရှိဖြစ်မယ်။
ဂျော်နီ။ ။ဟုတ်ကဲ့ ဟုပြောပြီးပြန်လာသည်။
ရက်အနည်းငယ်အတွင်း ဇနီးဖြစ်သူကသားဦးမွေးသဖြင့် သူနာပြုဆရာမက ကလေးငယ်ကိုပွေ့ချီပြီး အပြင်ဘက်ထုတ်လာရာ-
သူနာပြု။ ။ကဲ..အဖေဖြစ်သူ ကလေးကြည့်လို့ရပြီ။ အလျင်အမြန် ကလေးငယ်ကိုကြည့်လိုက်ရာ လက်သီးဆုပ်လျက် အနေအထားတွေ့ရသဖြင့်-
ဂျော်နီ။ ။သား…လက်ဖြန့်လိုက်
သားငယ်။ ။လက်ဖြန့်လို့မဖြစ်ဘူး….သားလက်ထဲမှာ ဆရာမလက်စွပ်ရှိတယ်..
ဂျော်နီ။ ။ဟိုက်

------------------------------------------------------------------------------
သတင်းကောင်းနှင့်သတင်းဆိုး….
ဆေးရုံသို့ လာရောက်ပြသသောလူနာအား ဆေးစစ်ချက်မှတ်တမ်းများ ဖတ်ပြီးနောက် ဆရာဝန်က-
ဆရာဝန်။ ။ကျွန်တော်ခင်ဗျားကို ပြောရမှာ သတင်းကောင်းတစ်ခု၊ သတင်းဆိုးတစ်ခု ရှိတယ်၊ဘယ်ဟာကို အရင်နားထောင်ချင်လဲ။
လူနာ။ ။သတင်းဆိုးကို အရင်ပြောပါဗျာ။
ဆရာဝန်။ ။ခင်ဗျား ကင်ဆာရောဂါဖြစ်နေပြီ..နောက်ထပ် နှစ်နှစ်လောက်ပဲနေရတော့မှာ။
လူနာ။ ။ကျွန်တော့်ဘ၀ကဆိုးပါတယ်ဗျာ၊ သတင်းကောင်းကကောဘာလဲဟင်။
ဆရာဝန်။ ။ခင်ဗျားမှာ အယ်လ်ဇိုင်းမားရောဂါလဲဖြစ်နေတဲ့အတွက် နောက်တစ်လကြာရင် ကျွန်တော်ပြောခဲ့တာတွေ အကုန်မေ့သွားတော့မှာပါဗျာ။
လူနာ။ ။အမလေး ဆရာရယ်

------------------------------------------------------------------------------
ကြွပ်ကြွပ်အိတ်တစ်အိတ်…
ဟောပြောပွဲတစ်ခု၌ သူဌေးကြီးတစ်ဦးက သူ့အနေဖြင့် ဤမြို့သို့ရောက်ခဲ့စဉ်က ကြွပ်ကြွပ်အိတ်ကလေးတစ်လုံးသာပါရှိခဲ့ကြောင်း ယခုသိန်းပေါင်းများစွာ ချမ်းသာနေပြီဖြစ်ကြောင်းများကိုပြောပြပြီးနောက် သတင်းထောက်ကမေးလေသည်။
သတင်းထောက် ။ ။ လူကြီးမင်းအရမ်းကြိုးစားခဲ့တာပဲ။
သူဌေး ။ ။ ဒါပေါ့ဗျာ။
သတင်းထောက် ။ ။ အခက်အခဲတွေလည်း ကြုံတွေ့ခဲ့ရမှာပဲနော်။
သူဌေး ။ ။ အများကြီးပေါ့။
သတင်းထောက် ။ ။ ဇွဲလည်းကောင်း အခက်အခဲတွေလည်း ကျော်လွှားနိုင်ခဲ့တာပေါ့။
သူဌေး ။ ။ဟုတ်ပါတယ်။
သတင်းထောက် ။ ။ ဒါထက်…လူကြီးမင်းအနေနဲ့ ဒီမြို့ကို ရောက်ခါစမှာ ကြွပ်ကြွပ်အိတ်တစ်လုံးပဲပါတယ်လို့ ပြောခဲ့တယ်နော်။
သူဌေး ။ ။ ဟုတ်တယ်လေ။
သတင်းထောက် ။ ။ အဲဒီကြွပ်ကြွပ်အိတ်ထဲမှာ ဘာတွေများပါလဲ လူကြီးမင်း။
သူဌေး ။ ။ ငွေကျပ် သိန်းနှစ်ထောင်ပါ။
သတင်းထောက် ။ ။ ဗျာ

------------------------------------------------------------------------------
သူ့ အမေ ရင်ကျိုးအောင်
မိဘ နှစ်ပါးက သမီးငယ်အား မြို့ကြီး သို့ သွားပြီး အလုပ်လုပ်ရန် ခွင့်ပြုလိုက်၏။ သမီးငယ် ထွက်မသွားခင် မှာ မိခင်ကြိးကသမီး အခန်းထဲကို သမီး ချစ်သူ ခေါ်မလာပါ ဘူး ....ဆိုတဲ့ ကတိတစ်ခုတော့ ပေးစေချင်တယ် သမီး ရယ် ဟု ပြော ပြီး ။ အေး.......သမီး အခန်းထဲ သမီးချစ်သူလာ တယ် ဆိုတဲ့ သတင်း သာ မေမေ ကြားရရင် မေမေ ရင် ကျိုးမှာ အမှန်ပဲကွဲ့ ဟုလည်း စိုးရိမ် ပူပင်စိတ်ကို လှစ်ပြလိုက်ပါသေး သည်။သမီး ငယ်ထွက်သွားပြီး တပတ် လောက် အကြာမှာ သားအမိ ဖုန်းပြောဖြစ်သည်။သမီး ချစ်သူကို သမီး အခန်းထဲ ခေါ်မလာပါဘူးနော်၊ ဟုတ်တယ်မလား သမီးလေ.....အို.............ခေါ်မလာပါဘူး မေမေရဲ့၊ မေမေ အတန်တန် မှာထားတဲ့ကိစ္စ ပဲ၊ သမီး သူ့ အခန်းကို ပဲ သွားပါတယ်၊ သူ့ အမေ ရင်ကျိုး ပါစေနော် အမေရယ်....

------------------------------------------------------------------------------
သားမက်တို့ အချိုး
ကောလိပ်ကျောင်းသူတစ်ဦးက သူ့ချစ်သူအား မှာနေ၏။ကနေ့ညကတော့ မောင်လာလို့ မဖြစ်ဘူးနော်၊ ဖေဖေ သိပ်စိတ်ဆိုးနေတယ်သိလား။ မနေ့ညက သူ့ကား ယူပြီး မ တို့ လျှောက်မောင်းကြတာကို သိသွားတယ်လေ။ဟာ........ ဘယ်လိုလုပ်သိသွားတာလဲ၊ ဒုက္ခပါပဲကွာ.....ဟောတော့... မောင်မေ့သွားပြီလား၊ မတို့ ဖေဖေ့ ကို ၀င်တိုက်မိကြတယ် လေ။

------------------------------------------------------------------------------
သွားမှဖြစ်မယ်
ဆရာဝန်တစ်ယောက် လက်ထပ်လိုက်သည်။ နှစ်ရက်အကြာတွင် သူငယ်ချင်း ဆရာဝန် တွေက ဖုန်းလှမ်းဆက်သည်။ "ဟေ့ကောင် … ပိုကာဒေါင်းမယ်။ မြန်မြန်လာခဲ့။ ဒီမှာ တစ်အိမ်လိုနေလို့" ဆရာဝန်က အရေးပေါ် ခွဲစိတ်မှုတစ်ခုအတွက် ဆေးရုံမှ ဖုန်းဆက်ကြောင်း ဇနီးသည်အားပြောသည်။ အလောတကြီး အ၀တ်အစားလဲနေသော ယောက်ျားကိုကြည့်ရင်း ဇနီးဖြစ်သူကမေးသည်။ "ဟိုမှာ တော်တော်လေး အရေးကြီးနေလို့လား မောင်" ဆရာဝန်က ခပ်တည်တည်ပြန်ဖြေသည်။ "အရေးကြီးတာပေါ့။ ဟိုမှာ ဆရာဝန်(၄)ယောက်တောင် ရောက်နေကြပြီ"

------------------------------------------------------------------------------
ကျွန်တော် မာစီးဒီးလောင်း
ကျောင်းတော်ကြီးထဲတွင် ကလေးတစ်ယောက် စက်ဘီးစီးနေသည်။ ထိုကလေး၏ နောက်ကျောတွင် စာတန်းလေးတစ်ခု‘ကျွန်တော် ဆရာဝန်လောင်း’ ။ထိုအတူ စက်ဘီးရဲ့နောက်တွင် လည်း စာတန်းလေးတစ်ခု တွေ့လိုက်ရသည်။‘ကျွန်တော် မာစီးဒီးလောင်း’

------------------------------------------------------------------------------
လူထွက်တာ
တစ်ခါတုန်းကတဲ့ ဘုန်းကြီးတစ်ပါးကို ဒကာမတစ်ဦးက "ဘုန်းဘုန်းလူမထွက်သေးဘူးလားဘုရား"လို့ လျှောက်တယ်တဲ့အဲဒီတော့ ဘုန်းကြီးက "မထွက်သေးပါဘူး" လို့  ပြောလိုက်တယ်တဲ့ အဲဒီအခါ ဘုန်းဘုန်းဘယ်တော့ လူထွက်မှာလဲ လို့ ထပ်လျှောက်တဲ့အခါမှာတော့ ဘုန်းကြီးက ဒေါသထွက်ပြီး ဒကာမကြီးမှာယောက်ျားရှိလား လို့ မေးလိုက်တယ်တဲ့ဒကာမကြီး က ရှိပါတယ်ဘုရား ဘုန်းကြီးက ဒါဆိုကလေးတွေရောရှိမှာပေါ့ဒကာမကြီးက ဆယ်ယောက်ရှိပါတယ်လို့ ပြန်ဖြေတော့ ဘုန်းကြီးက "အေးငါက လူမထွက်ဘူး နင်ကသာလူထွက်တာဟဲ့ " လို့ ပြောလိုက်သတဲ့

=================================================

Wednesday, March 18, 2009

ပရိတ်ကြီး (၁၁) သုတ် တရား

" ဒီနေ့ တော့ မိတ်ဆွေတစ်ယောက်က ပရိတ်ကြီး (၁၁) သုတ် နားထောင်ချင်ပါတယ် ဆိုလို့  ဒီမှာ Download Link တင်ပေးလိုက်တယ်နော် . "


::::.... D o w n l o a d ....::::

Tuesday, March 10, 2009

ကစားပွဲ



ကစားပွဲ

ဒီဇာတ်ကားလေးနာမည်က Game ဖြစ်ပါတယ် ။ အစပိုင်းမှာ ဟာသတွေနဲ့ 
ဇာတ်ဆင်ထားပြီး နောက်ပိုင်းမှာ သူငယ်ချင်းတွေကြား မမျှော်လင့်ထားတဲ့
ထိတ်လန့် ဖွယ် ဇာတ်လမ်းလေးဖြစ်ပါတယ် ။ ကြယ်စင်ကတော့
ဒီဇာတ်ကား လေးကို တော်တော်ကြိုက်တယ်။ ရယ်လဲရယ်ရပါတယ်။
ဒါကြောင့် ဒီရုပ်ရှင်ခွေကိုfreemyanmarvcd ထဲကနေ Download ထားတာပါ။
ဒီဇာတ်ကားကြိုက်တယ်ဆိုရင် အောက်မှာ Download လုပ်ပြီးကြည့်နိုင်ပါတယ်။