လိုအပ်သောပစ္စည်းစာရင်း . . . .
၁-ပေါင်မုန့် 
၂-ကြက်ဥ
၃-နွားနို့ 
၎-သကြား
၅-ဆားအနည်းငယ်
၆-နို့ ဆီအနည်းငယ်
၇- နို့ မှုန့် ရှိလျှင် အနည်းငယ်
ပြုလုပ်ပုံ အဆင့်ဆင့်
၁- ပေါင်မုန့် ၃ချပ်ကို ဘေးအနားသားတွေဖယ်ထားပါ။
၂- စတီးပန်းကန်တစ်ခုထဲတွင် ပေါင်မုန့်  တွေကို ရေနွေးအနည်းငယ်နဲ့  သမအောင်ချေထားပါ။
၃- သကြားစတီး ၃ ဇွန်း နှင့်နို့ ဆီ ၁ဇွန်း ပါပေါင်မုန့် ထဲတွင် ထည့်မွှေပါ။
၎- ကြက်ဥ ၃ လုံးကို သမအောင်မွှေထားပါ ။ အချိုကြိုက်လျှင် သကြား ၁ ဇွန်းထဲ့မွှေပါ။
၅- ဆား လက်ဖက်ရည်ဇွန်း ၁ဇွန်း ထည့်ပါ။
၆- နွားနို့  ထည့်ပါ။ ပြီးလျှင် အားလုံး သမအောင်မွှေပါ။
၇- အောက်ပါပုံအတိုင်း မီးဖိုပေါ်တွင် တယ်ထားပါ။ အိုးထဲတွင်ရေကို ပန်းကန်ရဲ့  ၃ပုံ ၂ ပုံမြှပ်အောင်ထဲ့ပြီးတည်ပါ။
၈- မိနစ် ၃၀ (သို့ ) ၁နာရီလောက်ထိ တယ်ထားနိုင်ပါသည်။ အရည်တွေမရှိတော့ပဲ ပူတင်းပုံပေါ်လာရင်ရပါပြီ ။
မှတ်ချက် ။ ။ ကိုယ်တိုင်စမ်းလုပ်ပြီး မှ သူငယ်ချင်းတို့ ကိုမျှဝေလိုက်ခြင်းဖြစ်ပါသည်။ ကြိုက်မယ်လို့ တော့ ထင်ပါတယ် ။ လုပ်ပုံလုပ်နည်းကတော့တစ်ဟောက်နဲ့ တစ်ယောက် တူမှာမဟုတ်ပါဘူး ။ အမှားများပါရင် သီးခံကြပါလို့ မေတ္တာရပ်ခံပါတယ် . . . .

အလုပ်ရှုပ်နေတယ်ဟ။ နင်လုပ်ပြီးရင်တော့ငါ့ကိုဖုန်းဆက်လိုက်လေ။
ReplyDeleteအရသာကောင်းမကောင်းလာမြည်းပေးပါ့မယ် ဟဲဟဲ
အောင်မယ် နင်ကအလုပ်လည်းရှုပ်တယ်ပြောသေးတယ် .. လာမြည်းဖို့ တော့ အားတယ်ပေါ့ ... :P
ReplyDelete